ကျောက်မဲ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၂ ၊ ပတ္တမြားခန်းမတွင်ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီ အချိန်က ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အာဟာရပြည့်ဝအစာ ချက်ပြုတ်ပြိုင်ပွဲနှင့် အစာအုပ်စု ပြပွဲပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောက်မဲမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ရွှေအဖွင့် အမှာပြောကြားခဲ့ပြီး ပြိုင်ပွဲများကိုကျင်းပရာ အစာအုပ်စု ပြပွဲပြိုင်ပွဲတွင် Grade-2 နှင့် Grade 3 ကျောင်းသားကျောင်းသူများက ရောဂါကာကွယ်စေသောအစာအုပ်စုဖြင့်လည်းကောင်း၊ Grade-4 ကျောင်းသားကျောင်းသူများကအင်အားကိုဖြစ်စေသော အစာအုပ်စုဖြင့်လည်းကောင်း၊ G-5 ကျောင်းသားကျောင်းသူများကခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုဖြင့်လည်း ကောင်း သက်ဆိုင်ရာ အစားအစာများကို ခင်းကျင်းပြသခြင်း၊ အစားအစာ တစ်မျိုးခြင်းဆီ၏ အာဟာပြုမှု အခြေအနေများကို ရှင်းလင်းပြောကြားခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် "မြန်မာ့ရိုးရာနံနက်ခင်း အစားအစာ" ခေါင်းစဉ်ဖြင့်အာဟာရပြည့် ဝ အစာချက်ပြုတ် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများက အဖွဲ့ ၇ ဖွဲ့ခွဲ၍ သီးစုံထမင်းကြော်၊ကြေးအိုး နှင့် ဖက်ထုပ်ကြော် ၊ခေါက်ဆွဲကြော်၊မုန့်ဟင်းခါး၊ ခေါပုတ် အစာသွတ်၊ လက်ဘက်ရည်၊နန်းကြီးသုပ်၊ ကြာဆံကြော်၊ ဟမ်ဘာကာ၊ ဆူရှီအစရှိသည့် အစားအစာ များကိုချက်ပြုတ်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုပွဲများတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)