မိုင်းလုံမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မိုင်းလုံ ဩဂုတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦး‌သောင်းထွဋ်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဓါတ်မြေဩဇာများ ထောက်ပံ့ခြင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများကို‌ ထောက်ပံ့ပေးသည့်အ‌ကြောင်း‌ ပြောကြားပြီးနောက် မြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံနှင့် အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ တောင်သူများကို ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ရာ အခမ်းအနားသို့  ဌာနဆိုင်ရာများ ၊စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)