မောင်တော ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ၊ နယ်မြေခံစစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ စုပေါင်း၍ မြို့သစ်ရပ်ကွက်နှင့် မြို့သစ်တောင်ရပ်ကွက် ကမ်းနာလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် မြက်ပင်၊ ပေါင်ပင်များအားခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်သရိုက်များအား ကောက်ယူဆောင်ရွက် နေမှုများအား ကြည့်ရှု အားပေး ခဲ့ကြပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာ ဂိုဒေါင်အား သွားရောက်စစ်ဆေးရာ ဂိုဒေါင် တာဝန်ရှိသူများက သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သော ကျေးရွာများရှိ ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ပစ္စည်းများ အား ထောက်ပံ့ပစ္စည်းများအား အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းထားရှိမှု ၊ စာရင်းဇယားများ ၊ ထောက်ပံ့ပစ္စည်းများလက်ခံရရှိမှုများနှင့် ခွဲဝေဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းပြသခဲ့ပြီး ထောက်ပံ့ပစ္စည်းများအား ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် အလေးထား ဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ဘူးသီးတောင် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ရာ ခရိုင်/မြို့နယ်ဦးစီးမှူးများက e-ID Server အတွင်းရှိ အတည်ပြုလူဦးရေး စာရင်းမှ ၂၀၂၄ ခုနှစ် ၊ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် နှင့်အထက် နိုင်မရှိ လူဦးရေများ ၊ ယာယီနေထိုင်သူများမှ နိုင်မရှိ ဖြေရှင်းဆောင်ရွက်ရမည့် စာရင်းများအား ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး တောင်ရပ်ကွက် မြို့သစ် အလယ်တန်း ကျောင်းခွဲ စာသင်ဆောင်ခေါင်မိုး လန်ပျက်စီးခဲ့သဖြင့် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေ ကွင်းဆင်း စစ်ဆေးရာ တာဝန်ရှိသူများ လိုက်လံရှင်းလင်းပြသခဲ့ကြပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်စည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ၀င်များနှင့်အတူ ရွာမကျေးရွာအုပ်စုရှိ ဦးအောင်မြင့်၏ တစ်ပိုင်တစ်နိုင် ရေချိုငါးသားမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုအားပေးပြီး ရေချိုငါးများ မွေးမြူ ထားရှိမှုနှင့် မွေးမြူထားရှိပုံအဆင့်ဆင့်အား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်/ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ် မှုကော်မတီ၀င်များနှင့်အတူ လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ၊ အကျဉ်းဦးစီးဌာနရှေ့နေရာနှင့် ဘူးသီးတောင်မြို့နယ်အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအနီးရှိ စိုက်ဧကများတွင် လယ်မြေ များအား ထွန်ယက်နေမှု ၊ မိုးစပါးပျိုးထောင်ထားရှိမှု ၊ မိုးစိုက်ပျိုးနေမှုနှင့် သဘာဝဓါတ်မြေဩဇာများ ကြဲပက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက မိုးစပါးများ ပျိုးထောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအား အောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)