ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် ဥပဒေအရ မှုခင်းများ ကြားနာစစ်ဆေးစီရင်ခြင်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ မှုခင်းများ ကြားနာစစ်ဆေးစီရင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သုံးထပ်ဆောင်(အပေါ်ထပ်) အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။