ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချ ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (မနော်ဟရီလမ်း)၊ ၆၇×၆၈ လမ်းကြားရှိ မြနန္ဒာစျေး အတွင်း ဩဂုတ်လ ၁၀ ရက်နေ့၊နံနက် ၇ နာရီတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။