လှည်းကူး ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော် မိုးတော် ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ သနပ်ပြင်ကျေးရွာ၊ ကွင်းအမှတ် ၁၀၅၇-ခ၊ တောင်သူ ဦးချစ်ဟန်၏ လယ်ယာမြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ၂၀၂၃-၂၀၂၄ မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါး (၈၁၂၂၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားစိုက်ဧက ပြည့်ဝရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သော နည်းပညာနှင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ လျာထားစိုက်ဧက(၈၁၂၂၅)ဧက အတိုင်းအပြည့်အဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ၂၀၂၃ ခုနှစ် မိုးစပါး ရေတော် မိုးတော် ထွန်တုံးပိတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ ဒေသခံတောင်သူများနှင့် ကောက်စိုက်သမများ တက်ရောက်ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)