ပြည် သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ သြဂုတ်လ ၂၂ ရက်နေ့က "ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း" ဖွင့်လှစ်ခဲ့ရာသင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရံမီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဖတ်ပရဟိတလူမှုအဖွဲ့အစည်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်းရှိ အရပ်ဖတ်ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၃)ဦး တက်ရောက်ပြီး သင်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သင်တန်းကာလ ၄ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)