မုဒုံမြို့၌ ပညာရေးမိသားစု ငွေစုငွေချေးသမဝါယမအသင်းလိမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မုဒုံ သြဂုတ် ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးမိသားစု ငွေစုငွေချေး သမဝါယမအသင်းလိမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာအသင်းဥက္ကဋ္ဌ ဦးဘတင်က အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက သမဝါယမအသင်း၏ လုပ်ငန်းစဥ် (၃)ရပ်၊ အသင်းသူ/သားများ၏ လူမှုရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးရှင်းတမ်း အမြတ်ခွဲဝေပုံစာရင်းများ၊ အသင်း၏ ရှေ့လုပ်ငန်းစဥ်များတင်ပြခြင်း၊ အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးနှင့်အကျိုးဝေစုများအား ထုတ်ပေးခြင်း၊ ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပညာရေးမိသားစု ငွေစုငွေချေးသမဝါယမအသင်းကို မြို့နယ်အခြေခံပညာဦး စီးဌာနဝန်ထမ်းများဖြင့် (၁၉၉၄)ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် အသင်းသား (၇၁၈)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)