ဇေယျာသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းနေကြာနှင့် ဆောင်းနှမ်းစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၂၅

ဇေယျာသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းနေကြာနှင့် ဆောင်းနှမ်းစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက ဇေယျာသီရိမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သွင်းအားစုများ ရောင်းချပေးမှု အခြေအနေများနှင့် ဆောင်းမြေပဲ ၂၉၀‌ ဧက ၊ ဆောင်းနှမ်း ၆၀ ဧက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြည်သူများအား အသိပေး ပြောကြားရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်ပေါ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)