ဟင်္သာတ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မှုခင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ အေးလွင်မှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းဝင်းမှ ဖြစ်ပွားတတ်သောမှုခင်းဖြစ်ရပ်များ၊ မှုခင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နေထိုင်ရမည့် နည်းလမ်းများ၊ ကျောင်းသား/သူများအနေဖြင့် သွားလာနေထိုင်ရာတွင် ဆောင်ရန်/ရှောင်ရန်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဒေါခင်ခင်အေးမှ လာရောက်ဟောပြောပေးပါသော တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်၊ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)