ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တပေတမော့ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက Wilmar Myanmar Riceland Company Limited, Resources Group Trading Company Limited နှင့် Wilmar Chemical Indonesia Company Limited တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။

မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကြက်ဈေးရပ်ကွက် အ.မ.က(မူလွန်)ကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

သာစည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီးလူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည့် ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု၊ အနောက်အုံကျေးရွာတွင် ပထမအကြိမ် အခြေခံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဆင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၊ အထက(၄)၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အ.ထ.က(၄)၊ ပင်လုံခန်းမ၌ ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည်စုံစေရန်ရည်ရွယ်၍ တောင်ငူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပသည်။

ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ Mobile Applicationများ အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက "Mobile Applicationများ အသုံးပြုနည်းသင်တန်းဖွင့်လှစ်ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ထန်းတပင်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အဟာရနို့တိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ School Milk Program အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အဟာရနို့တိုက်ကျွေးခြင်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဟာရနို့တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့ ထီးလှိုင်အခြေခံပညာအထက်တန်ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to