ထားဝယ်မြို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဩဂုတ် ၂၅

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်းအခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်ထက်နောင်က တက်ရောက်လာသောဌာနဆိုင်ရာများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အသီးသီအတွက်လုပ်ငန်းလမ်းညွှန်(Terms of Reference-TOP)များကို ရေးဆွဲထားရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ရယူလျက်ဦးစီးဌာန/လုပ်ငန်းဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ(Standing Operating Procedures-SOP)ကို သက်ဆိုင်ရာဌာနများကရေးဆွဲရေးနှင့် အများပြည်သူသိသင့်သိထိုက်သည်များကို လက်အောက်ရုံး/ဌာနခွဲ/ဌာနစိတ်တို့တွင် ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ထင်ရှားစွာရေးသားချိတ်ဆွဲပြသထားရန် Website များတွင်လည်း ထည့်သွင်းအသိပေးကြေညာရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးနိုင်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးထက်လင်းအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)