သနပ်ပင်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ Box Culvert လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃.၂၀၂၄  ဘဏ္ဍာ‌ရေးနှစ်တွင် သနပ်ပင်မြို့နယ်အား ဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များအား ကွန်ကရစ်လမ်းခင်းခြင်း၊ တံတား( Box Culvert) လုပ်ငန်းတို့အား အသစ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သနပ်ပင်မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူရထံမှ သိရသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရိုင်အတွင်း သီးထပ်စွမ်းအားစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ရှလာမ့်(ခေါ်) တောင်စွန်ဖက်များခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ သည်မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် ရှလာမ့် (ခေါ်) တောင်စွန်ဖက်များကို ခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ  သဘာဝမြစ်၊ ချောင်း၊ ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်

ငါးသယံဇာတများ ပေါများစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် ပြည်သူများ ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယမန်နေ့ည​ပိုင်းက လပွတ္တာ-မြောင်းမြကားလမ်းဘေးရှိ လေးအိမ်တန်းတမံချောင်းတွင်ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ငါးဘက်အိုင်ကျေးရွာအုပ်စုရှိ အ.မ.က(ကနီစု)ကျောင်းနှင့် နှဲကြိုးကျေးရွာအုပ်စုရှိ အ.ထ.က(နှဲကြိုး) ကျောင်းတို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ခုံဇင်ကုန်းကျေးရွာအုပ်စု ကံကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်

သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် လွိုင်ကော်မြို့ သန့်ရှင်းရေတိုးချဲ့ပေးဝေနိုင်ရေး ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင် ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံတွင် တစ်နေ့လျှင်ရေဂါလံ (၂၅) သိန်းစစ်နိုင်သည့် (Slow Stand Fitter) အနှေးသဲရေစစ်ကန် လုပ်ငန်းတည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to