ပုလော ဩဂုတ် ၂၅
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုးက ဗလငါးတန်ဖွံ့ဖြိုးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လူတော်လူကောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြုံးချိုက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇာကျော်က နိုင်ငံသားတစ်ဦးအအခွင့်အရေးကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ် စာစောင် များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)