ညောင်ဦး ဩဂုတ် ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည့် ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု၊ အနောက်အုံကျေးရွာတွင် ပထမအကြိမ် အခြေခံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဆင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်း သင်တန်းသူကိုယ်စားလှယ်(၁)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေါ်စန္ဒာမင်း(ဦးစီးအရာရှိ)မှ တက်ရောက်လာသည့် သင်တန်းသူများအား မိမိတို့တတ်မြှောက်ထားသည့် စက်ချုပ်နည်းပညာဖြင့် မိသားစုဝင်ငွေမှသည် ဆင့်ပွားသင်တန်းများပေးနိုင်ရေး လမ်းညွှန်ပြောကြားသည်။ ဆက်လက်၍ အနောက်အုံကျေးရွာ ရပ်မိရပ်ဖ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားကာ သင်တန်းနည်းပြမှ သင်တန်းသူများအား သင်တန်းထုတ်ကုန်ပစ္စည်းများ အားပေးအပ်ခဲ့ကြောင်းသိရကာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ညောင်ဦးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသူများ၊ အနောက်အုံကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း