ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ School Milk Program အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အဟာရနို့တိုက်ကျွေးခြင်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဟာရနို့တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
School Milk Program ဖြင့် နို့တိုက်ကျွေးရာတွင်လည်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်(၄၅၃) ဦးတို့ကို နို့တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာသန်စွမ်းကာ ဉာဏ်ရည်ဖွံ့ဖြိုးမှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ School Milk Program ဖြင့် နို့တိုက်ကျွေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)