ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ Mobile Applicationများ အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ပြည် ဩဂုတ် ၂၅

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက "Mobile Applicationများ အသုံးပြုနည်းသင်တန်းဖွင့်လှစ်ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။

သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်း မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးအပါအဝင် စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကာ သင်တန်းတွင် ပြည်မြို့ (Netware Computer Centre) မှ နည်းပြဆရာ ဦးရဲမြင့်အောင်က AI အကောင့်ဖွင့်နည်းအပါအဝင် AI chat GPT,  AIဖြင့် ဗီဒီယိုဖိုင်များ ဖန်တီးပြုလုပ်နည်း၊ Google Meet နှင့် CapCut အသုံးပြုနည်းများကို  လက်တွေ့သင်ကြားပို့ချပေးပြီး သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

အဆိုပါသင်တန်းကို သင်တန်းကာလနှစ်ရက်ကြာဖွင့်လှစ်မှာဖြစ်ပြီး ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Mobile Phone Application များဖြင့် ခေတ်မီနည်းပညာအသုံးပြုနည်းများကို ပိုမိုသိရှိပြီး ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားပြီး ဌာန၏ရည်မှန်းချက်လုပ်ငန်းတာဝန်များကို လွယ်ကူလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)