ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

ကြံခင်း ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအား သိရှိထိန်းသိမ်းတတ်စေရန်နှင့် ပြိုင်ပွဲဝင်များအနေဖြင့်  မြို့နယ်အဆင့်မှ ခရိုင်၊ တိုင်းအဆင့်များသို့ တက်လှမ်းနိုင်ပြီး နိုင်ငံဂုဏ်ကိုဆောင်နိုင်သော ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်ပြောကြားပြီး၊ အကဲဖြတ်အမှတ်ပေး သဘင်ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမြဖုန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအမျိုးအစားအလိုက် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် အဆိုပညာရှင်ဦးသန်းဝင်းအောင်က"အသီးတစ်ရာ အညှာတစ်ခု"သီချင်းဖြင့် သီဆိုဖျော်ဖြေပြီးနောက်၊ ပြိုင်ပွဲကျင်းပရာ အခြေခံပညာ(၁၀နှစ်-၁၅နှစ်) တန်းမှ အကပြိုင်ပွဲဝင်(အ.ထ.က) မျောက်ချောကုန်းကျောင်းမှ ကျောင်းသား(၁)ဦး၊ (အ.ထ.က-၁) ကျောင်းမှ ကျောင်းသူ(၁)ဦးနှင့် ကဗျာလွတ်အက ကျောင်းသူအဖွဲ့(၁)ဖွဲ့၊ အခြေခံပညာ(၁၅နှစ်-၂၀နှစ်)တန်းမှ အကပြိုင်ပွဲဝင် ကျောင်းသူ(အ ထ က)မျောက်ချောကုန်းကျောင်းမှ(၁)ဦးနှင့် (အ. ထ.က-၂)ကျောင်းမှ (၁)ဦး၊ ခေတ်ဟောင်းကာလပေါ် (အဆို)ပြိုင်ပွဲတွင်(အ.ထ.က-၂)ကျောင်းမှ ကျောင်းသူ(၁)ဦးနှင့် အရေးပြိုင်ပွဲတွင် (အ.ထ.က-၂)ကျောင်းမှ ကျောင်းသူ(၁)ဦး၊ အတီးပြိုင်ပွဲတွင် အိုးစည်အဖွဲ့လိုက်ပြိုင်ပွဲဝင် (အ.ထ.က)ဆိပ်သာကျောင်းမှ ကျောင်းသားအဖွဲ့(၁)ဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အကဲဖြတ်အမှတ်ပေး သဘင်ပညာရှင်အဖွဲ့ဝင်များက   ပြိုင်ပွဲဝင်များ၏ အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းပြောကြားကြသည်။ 

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက်၊ ပြိုင်ပွဲဝင်များအား အကဲဖြတ်အမှတ်ပေး သဘင်ပညာရှင်များက မြို့နယ်အဆင့် လက်ရွေးစင်များအဖြစ် အဆိုပြိုင်ပွဲဝင်(၁)ဦး၊ အကပြိုင်ပွဲဝင်(၃)ဦးနှင့် အရေးပြိုင်ပွဲဝင်(၁)ဦးအား ရွေးချယ်ပေးရာ ပြိုင်ပွဲဝင်အဖွဲ့များကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြပြီး(အ.ထ.က-၁) ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားပြီးမြောက်သည်။ 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်အမှတ်ပေး သဘင်ပညာရှင်အဖွဲ့များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများနှင့် မိဘများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)