တောင်ငူမြို့၊ အထက(၄)၌ လူငယ်စကားဝိုင်း ကျင်းပ

တောင်ငူ သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အ.ထ.က(၄)၊ ပင်လုံခန်းမ၌ ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည်စုံစေရန်ရည်ရွယ်၍ တောင်ငူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းက အမှာစကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ အ.ထ.က(၄)ကျောင်း၊ Grade-11 ကျောင်းသူ မအိန္ဒြေခင်က “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ Grade-10 ကျောင်းသူ မရွှေနဒီမြင့်က “လူငယ်နှင့် ရည်မှန်းချက်”၊ Grade-11 ကျောင်းသား မောင်လင်းသူဟိန်းက “လူငယ်နှင့် မူးယစ်ဆေး”၊ Grade-10 ကျောင်းသူ မကေကေလွင်က “လူငယ်နှင့်စာရိတ္တ”၊ Grade-11 ကျောင်းသူ မမေသက်ခိုင်က “လူငယ်နှင့်ကြီးပွားရေး”၊ Grade-10 ကျောင်းသား မောင်စောခူဆဲက “လူငယ်နှင့်ကျန်းမာရေး” စသည်ခေါင်းစဥ်များဖြင့် ဆွေးနွေးကြသည်။ ဆက်လက်၍  တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်သူများက ပြန်လည်ဆွေးနွေးပြောကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)