ဘားအံခရိုင် (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်နှင့် ရှောင်ကြဉ်နိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လျာထား ထိုးနှံပေးလျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လျာထားထိုးနှံပေးလျက်ရှိရာ (၁၃၂၇) ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ပုဗ္ဗသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ၌ ကျင်းပခဲ့သည်။

ခမောက်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ်မှ ဌာနဆိုင်ရာများ၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၄)ရက် ညနေ(၄)နာရီက ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်း သိရသည်။

မော်လမြိုင်မြို့အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အနိုင်းပွန်ကျေးရွာအုပ်စု အ.မ.က (အင်းဖျား) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် အ.မ.က (မာလိကာတောင်လေး) ကျောင်းများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းလျာထားလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလျာထားလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ "အာခါ" ဒန်းစီးပွဲတော် တက်ရောက်အားပေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၄)ရက် ည(၆)နာရီက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်း၌ အာခါရိုးရာ ဒန်းစီးပွဲတော်တက်ရောက်ကြကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အသိပညာပေးပြပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့မှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်‎‎ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြပွဲ၊ စာအုပ်၊စာစောင်ပြပွဲများကို ယမန်နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to