ရမည်းသင်းမြို့ ထီးလှိုင်အခြေခံပညာအထက်တန်ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရမည်းသင်း     ဩဂုတ်   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ထီးလှိုင်အထက်တန်းကျောင်း Grade-11 ကျောင်းသူ မဝေဇင်ဖြိုးမှ လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် စာအုပ်၊ စာပေဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ Grade-11 ကျောင်းသားမောင်အောင်မျိုးထက်က လူငယ်နှင့် ရည်မှန်ချက်ခေါင်းစဉ်ဖြင့် ဘဝရည်မှန်းချက်အောင်မြင်ရန် ကြိုးစားခြင်းအကြောင်းကိုလည်းကောင်း၊ Grare-11 ကျောင်းသူ မရွှေစင်ဖြိုးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် မြန်မာယဉ်ကျေးမှုအမွေကို ကာကွယ်ထိန်းသိမ်းရေးကို လည်းကောင်း၊ Grade-11 ကျောင်းသားမောင်မျိုးမင်းနိုင်က လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဥ်ဖြင့် ဆိုရှယ်မီဒီယာကောင်းကျိုး၊ဆိုးကျိုးများကိုလည်းကောင်း၊ Grade-11 မှ မအိအိလှိုင်က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ခေါင်းဆောင်တစ်ယောက်၏ အရေးပါပုံကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade-9/10/11/12  တို့မှ ကျောင်းသားကျောင်းသူများက ခေါင်းစဉ်အလိုက်သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့်ကျောင်းသား၊ကျောင်းသူတို့က ပြန်လည် ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ထီးလှိုင်အထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၆၈)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုပပျောက်ရေးနှင့် အသိပညာဗဟုသုတ ကြွဝဖို့စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)