မြောက်ဦး ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကြက်ဈေးရပ်ကွက် အ.မ.က(မူလွန်)ကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ် တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများအား (Life Jacket) များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက ယခုအခါမိုးရာသီ သို့ရောက်ရှိလာပြီဖြစ်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)