ကျောက်မဲ ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဩဂုတ် ၂၅ ရက်နေ့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများအပြောစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပရာ အဆိုပါ ကျပန်းစကားပြော အထက်တန်းအဆင့်ပြိုင်ပွဲတွင် အားမာန်နှင့်ချီပန်းတိုင်ဆီ၊ တွေ့ကြုံဖူးသော မမေ့နိုင်သောဖြစ်ရပ်တစ်ခု၊ ဝာာဝန်သိစိတ်ပြည်တော်ထိပ် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင် (၁၀)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် တွေ့ကြုံဖူးသော မမေ့နိုင်သော ဖြစ်ရပ်တစ်ခု၊ တာဝန်ကျေပွန် လူရည်မွန်၊ ရည်မှန်းချက်ထူး ဒို့စိတ်ကူး ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင် (၁၄)ဦး၊ မူလတန်းအဆင့် ပြိုင်ပွဲတွင် စည်းကမ်းသည် လူ၏တန်ဖိုး၊ ကိုယ်နှုတ်မူယာယဉ်ကျေးပါ၊ ကျွန်ုပ်၏ ရည်မှန်းချက် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင် (၁၅)ဦး အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်ပြိုင်ပွဲများတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိချောနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)