ပလောက်မြို့၌ ကျောင်းသား၊ကျောင်းသူများအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း ဆောင်ရွက်ပေး

ပလောက် ဩဂုတ် ၂၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ပလောက်တိုက်နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ/ဆရာမများကကျောင်းသား၊ ကျောင်းသူများ အားသံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စသည့် ကျန်းမာရေး အသိပညာပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်