ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒဂုံတောင်  ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ် ၅ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် ၁၅ အခြေခံပညာမူလတန်း ကျောင်းတို့တွင် ဩဂုတ်လ ၂၅ ရက်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်‌‌ကြောင်း သတင်းရရှိသည်။   ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရပြည့်ဝပြီး အန္တရာယ်ကင်းသော အစားအစာများ ရောင်းချခြင်း ရှိမရှိ စစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး အသိပညာပေး‌ ဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောခြင်း  ကျန်းမာရေး စစ်ဆေးပေးခြင်း  အာဟာရ‌ ကျွေးမွေးခြင်း သွားကျန်းမာရေးနှင့် ပတ်သက်၍  After lunch tooth brushing  လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်‌ဦးစီးမှူး ဒေါက်တာသုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်‌ကြောင်း သတင်းရသည်။

သန်းသန်းအေး