မိုင်းယောင်း ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဗလမင်းထင်ခန်းမတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ၏ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ အ.ထ.က (မိုင်းယောင်း) ကျောင်းတွင် အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ၏ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က သင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များ သာမက ပိုမိုကောင်မွန်းသည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းများတွင် အကျိုးရှိရှိပြန်လည်အသုံးချပြီး ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
သုံးရက်ကြာဖွင့်လှစ်သည့် အဆိုပါသင်တန်းကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြကာ ဦးစီးဌာန၏ မူဝါဒနှင့် အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ မြေယာယစ်မျိုးနှင့် မြေယာစီမံခန့်ခွဲခြင်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)