ဝါးခယ်မ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၅)အုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၅) စုတွင် မွေးမြူထားသောကျွဲ၊ နွားပိုင်ရှင်များအား ခွာနာ လျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ များနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ခြံဖျန်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)