အထက်မင်းလှ သြဂုတ် ၂၈ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီက မင်းလှ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ မင်းလှမြို့နယ်၌ နိုင်ငံတစ်ကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပပြုလုပ်လျက်ရှိရာ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဆောင်းပါးပြိုင်ပွဲများအား “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဥ်ဖြင့်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မင်းလှခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇာဇာ(အထက်မင်းလှ) မကွေးတိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ