သရက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ ကာတွန်းပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မူလတန်းဆင့် စာစီစာကုံး (၇) ဦး၊ ပန်းချီ (၇) ဦး၊ ကာတွန်း (၅) ဦး၊ ပိုစတာ (၄) ဦး၊ အလယ်တန်းဆင့်တွင် စာစီစာကံဒး (၄) ဦး၊ ကဗျာ (၅) ဦး၊ ပန်းချီ (၅) ဦး၊ ကာတွန်း (၃) ဦး၊ ပိုစတာ (၃) ဦးနှင့် အထက်တန်းဆင့် စာစီစာကုံး (၄) ဦး၊ ကဗျာ (၄) ဦး၊ ဆောင်းပါး (၃) ဦး၊ ပန်းချီ (၄) ဦး၊ ကာတွန်း (၂) ဦး အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရသည်။
ဇော်ထက်(သရက်)