အင်္ဂပူ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ် (တတိယအကြိမ်) နေကြာစိုက်ပျိုး ထုတ်လုပ်မည့် သမအသင်းများသို့ ပံ့ပိုးချေးငွေများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစာကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ၏ အရင်းမပျောက် ပံ့ပိုးချေးငွေများ ပေးအပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိုးနေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ သိလိုသည် များအား တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ သို့ ပံ့ပိုးချေးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများမှ ပေးအပ် ရာ နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် ဌာဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းသားများ တက်ရောက်ခဲ့ပြီး ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နေကြာစိုက်ပျိုး ထုတ်လုပ်ရေးအသင်း (၁၀)သင်းအား (၁)ဧက (၁၂၃၀၀၀) နှုန်းဖြင့် စိုက်ဧက(၄၃၅)ဧကအတွက် စုစုပေါင်း(၅၄၃၈၈၀၀၀)ကျပ် ထုတ်ချေးခဲ့ပေးခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)