သရက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ကျင်းပနိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ (၂၀/၂၁/၂၂) ရက်နေ့တွင် ပြိုင်ပွဲကျင်းပပြီး တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်အဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် (၄) ရပ်အား ရှင်းလင်းပြီး မြို့နယ်အဆင့်မှ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သဘင်အစည်းအရုံးအဖွဲ့ဝင်များက ပူးပေါင်းညှိနှိုင်း၍ အောင်မြင်စွာ ဆောင်ရွက်သွားကြရန် ပြောကြား သွားခဲ့သည်။
ထို့နောက် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြိုင်ပွဲကျင်းပမှု အခြေအနေနှင့် ပြောကြားပေးခဲ့သည်၊။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ပညာရှင်အဆင့်ပြိုင်ပွဲနှင့် ဒိုးပတ်အဖွဲ့ပါဝင်ယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)