အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။