မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မိုင်းဖြတ်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ ၂၀၂၃ခုနှစ် ​အောက်တိုဘာလ ၅ရက်​နေ့တွင် ကျ​ရောက်မည့် ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယ​နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း(မိုင်းဖြတ်)ရှိ ​ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ​ဖြေဆိုရာတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး/ကဗျာကို “မွန်မြတ်လှပ ဆရာ့ဘဝ​”ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာကို “လမ်းပြကြယ်ပမာ မြတ်ဆရာ​”ခေါင်းစဥ်ဖြင့်လည်း​ကောင်း ယှဥ်ပြိုင်​စေခဲ့​ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများမှ ​အထက်တန်းအဆင့် (၁၄)ဦး၊ အလယ်တန်းအဆင့် (၁၄)ဦး စုစု​ပေါင်းကျောင်းသား၊ ​ကျောင်းသူ (၄၈)ဦး ဝင်​ရောက်ယှဥ်ပြိုင်ကြ​ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ​ကျောင်းသား၊ ​ကျောင်းသူများကို မြို့နယ်အဆင့် ပညာ​ရေးစုံညီပွဲ​တော်တွင် ဂုဏ်ပြုဆုများကို ​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)