မိုးကောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ-ထ-က နောင်ကိုင်တော်ကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။

ဝန်းသိုမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်စံပြကွက်အထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် တောင်သူများအား MPE ထုတ် ယူရီးယာဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာရောင်းချပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကလေးဝမြို့အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papillomavirus Vaccine- HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 စဉ့်ကိုင်မြို့နယ်တွင် အာဆီယံသပြေပန်းပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြေကွက်လပ်နေရာများနှင့်ခြံ၀င်းအတွင်း သပြေပင်များစိုက်ပျိုးထားရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရသည်။

ပဲခူးမြို့၌ ကျောင်းသားလူငယ်များ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူး​မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ သီရိပညာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မလှိုင်မြို့နယ်၌ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ချောက်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ချောက်မြို့အ.ထ.က(၁)ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။

မတ္တရာမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကူမြို့ အမှတ်(၁)ရပ်ကွက် (ခုံခမ်း) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်များအသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနသို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်(ခုံခမ်း)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to