စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်​ထောင်စု(၇၂၀)အား (၅)ကြိမ်မြောက် ​စျေးနှုန်းချိုသာစွာ ရောင်းချပေး

မကွေးတိုင်းဒေသကြီး, မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများ စားဝတ်နေရေး  အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ဆန်ကုန်သည်များအသင်း  စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ (၅)ကြိမ်မြောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

နမ့်စန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ကျေးလက်လမ်းခင်းမည့် လမ်းများအား ကွင်းဆင်းစစ်ဆေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် လွိုင်လင် မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းခွင်နေရာများဟို့ ခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင် ၊ မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
Subscribe to