လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် Snack & Bakery အမျိးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

လွိုင်လင်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ‌ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး (Snack & Bakery  အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးလင်းထင်က သင်တန်းနှင့်ပတိသက်၍ သင်တန်းမှ ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ် တို့က သင်တန်းအ‌ချောထည်ပစ္စည်းအပ်ရာ သင်တန်းသား များကလက်ခံရယူကာ သင်တန်းသားတစ်ဦးက ကျေးဇူးတဂ်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီးမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများ ပြုလုပ်ထားသည့် Pizza , Roll Cake , Sponge Cake , ဒိုးနပ်၊ ကိတ်ခြောက်၊ နက်ကထိုင်၊ ကွတ်ကီး၊ လျှာပေါ်ဝဲ ၊ စာကလေးခွေ ၊ အာလူးကြော် စသည့် ပစ္စည်းများ ကို ကြည့်ရှု့အားပေးပြီး သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းဆင်းပွဲကို ရုပ်သိမ်း လိုက်သည်။

အဆိုပါသင်တန်းတွင်   သင်သားတန်း / သူ ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၇ ရက်သင်ကြားပို့ချ‌ပေးခဲ့ကြောင်းသိရသည်။။

ခရိုင်(ပြန်/ဆက်)