လွိုင်လင် စက်တင်ဘာ ၁၆
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် လွိုင်လင် မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းခွင်နေရာများဟို့ ခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင် ၊ မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှေးဦးစွာ ခရိုင်ကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် လွိုင်လင် အရှေ့ကျေးရွာအုပ်စု လွိုင်မုံ့မိုင်ကျေးရွာမှ ဟိုခိုက်ကျေးရွာ ကတ္တရာခင်းမည့်လမ်းအား လည်းကောင်း၊ လွိုင်လင်မြို့နှင့် လွိုင်မုံ့မိုင်ကျေးရွာ ကတ္တရာခင်းခြင်းလုပ်ငန်အားလည်းကောင်း၊ ပင်လုံ - မက္ကလန်းကျေးရွာလမ်း ခွဲကျောက်၊ သဲဗြုန်းခင်းရန် နှင့် Formation width ပြုပြင်ရန် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်း ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ခရိုင်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လုပ်ငန်းများသတ်မှတ်ချိန်အတွင်းပြီးစီးရန်၊ လိုအပ်သည့် ပစ္စည်းများအမြန်ဆုံးစုပုံထားရန်နှင့် စံချိန်စံညွှန်းပြည့်မီရေးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်