အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ်     စက်တင်ဘာ ၁၆

အသက်()နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် မိန်းကလေးငယ်များကိုအသက်(၉)နှစ် အရွယ်တွင်ထိုးပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်၊ သားအိမ်ခေါင်းကင်ဆာရောဂါကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိအသက်(၉)နှစ်ပြည့်ပြီး အသက် (၁၂)နှစ် မပြည့်သေးသောမိန်းကလေးငယ် များကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းအခြေပြုနှင့် ပြည်သူ လူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းဟူ၍ Phase(၂)ခုခွဲ၍ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရန် အတွက်ကြိုတင်ပြင်ဆင် ရမည့်လုပ်ငန်းများ၊ ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းများကို လိုအပ်ချက်နှင့်အညီစနစ်တကျ တွက်ချက်တောင်းခံရန်လုပ်ငန်းများ၊ ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများအား အသိပေးအကြောင်းကြားရမည့် လုပ်ငန်းများ၊ တိုင်းဒေသကြီး အဆင့်၊မြို့နယ်အဆင့်အသီးသီးတွင် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံရာတွင် ဘေးကင်း စိတ်ချရမှုစေရေးနှင့် ကာကွယ်ဆေးထိုးပြီးနောက် မလိုလားအပ် သောနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ(AEFI) အတွက် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပြီး ဆောင်ရွက်ပြီးစီးမှု ကိုနေ့စဉ်သတင်းပေးပို့ရန်နှင့် AEFI ဖြစ်ပွားမှု ရှိ/မရှိ၊ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ အစရှိသည်ကို ပြည့်စုံစွာဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးမည့် အစီအစဉ်များအားရှင်းလင်းပြောကြားရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအား ရှင်လင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)