စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၇၂၀)အား (၅)ကြိမ်မြောက် စျေးနှုန်းချိုသာစွာ ရောင်းချပေး
မကွေးတိုင်းဒေသကြီး, မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ဆန်ကုန်သည်များအသင်း စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ (၅)ကြိမ်မြောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။