ကွန်ဟိန်း ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းအခြေ ခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက် ရှိသည်။
ကွန်ဟိန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၃၉)ကျောင်း၊ မူလတန်းခွဲကျောင်း (၂) ကျောင်း စုစုပေါင်း (၅၄)ကျောင်းတို့တွင် ကျောင်းသား(၁၉၇၃)ဦး ကျောင်းသူ(၂၆၅၄)ဦး စုစုပေါင်း(၄၆၂၇)ဦး တက်ရောက်ပညာသင်ကြားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကွန်ဟိန်း(ပြန်/ဆက်)