ငါ့သရောက် ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများဖြစ်သော မြေပဲသီးနှံ နှမ်းသီးနှံများအား ဆီထွက်သီးနှံ အထူးဇုန်ဆွေးနွေးပွဲကို င့ါသရောက်မြို့ ကံသာယာကျေးရွာအုပ်စု ၊ ကံသာယာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ငါ့သရောက်မြို့တွင် မြေပဲသီးနှံအထူးဇုန် ဧက ၃၂၆၄၀ နှမ်းသီးနှံ အထူးဇုန် မိုးနှမ်း ၃၈၂ ဧကနှင့်ဆောင်းနှမ်း ၁၅ ဧကအားကျေးရွာအုပ်စု (၁၅) အုပ်စုတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး၊ မြေပဲသီးနှံ၏ ပန်းတိုင်အထွက်နှုန်းမှ တစ်ဧကလျှင် တင်း (၇၀) ဖြစ်ပြီး ဆီထွက်သီးနှံ အထူးဇုန် အထွက်တင်းမှာ (၅၆) တင်းနှုန်းရရှိအောင်နှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း (၂၀) ဖြစ်ပြီး ဆီထွက်သီးနှံ အထူးဇုန်အထွက်တင်းမှ (၁၂) တင်းရရှိအောင် မျိုး၊ မြေ၊ ရေနည်းပညာများ အသုံးပြုစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သီးနှံမစိုက်ပျိုးမီ အပင်ပေါက်ရာနှုန်းစမ်းသပ်ရန် မျိုးကောင်း၊ မျိုးသန့်သုံးစွဲ စိုက်ပျိုးရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်၊ ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်းနင်းရန် ၊သဘာဝမြေဩဇာများ သီးနှံအလိုက် အချိန်ကိုက်အချိုးကျထည့်သွင်းရန်၊ ပေါင်းစနစ်တကျ ကာကွယ်ရန်၊ သီးနှံအလိုက် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းစာအုပ်ပြုစုရန်၊ သဘာဝအားဆေး ငါးအမိုင်နိုပြုလုပ်သုံးစွဲရန်၊ ပန်းပွင့်ချိန် ယူရီးယားလက်ချားရွက်ဖျန်း မြေဩဇာပက်ဖျန်းရန်တို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူ (၃၂) ဦးမှ သိရှိလိုသည့်များကို မေးခွန်းများအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ငါ့သရောက် (ပြန်/ဆက်)