သထုံ ဇွန် ၃
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများကို ယနေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းများဖွင့်လှစ်ရာတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီး သင်တန်းနှစ်အလိုက် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့အတွက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၏ တတိယနှစ်၊(ပထမနှစ်ဝက်)သင်တန်းနှင့်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ်တို့၏ (ဒုတိယနှစ်ဝက်) သင်တန်းများကို ယနေ့စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား ကျောင်းသူစုစုပေါင်း(၅၃၃)ဦးတို့ အေးချမ်းစွာ တက်ရောက်လျက်ရှိပြီး ဆရာဆရာမ (၃၇) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)