ဆိပ်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အခြေခံပညာကျောင်းများအသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိ

ဆိပ်ဖြူ ဇွန် ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်း ကျောင်း (၂) ကျောင်းတို့၌ ကျောင်းနေအရွယ်ကလေးများ ဇွန်လ ၃ ရက်နေ့မှစတင်၍ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၅၃) ကျောင်းဖွင့်လှစ်ပြီး မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၆၆၇၁) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၄၈၁) ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၄၄၈) ဦး တက်၍ပညာသင်ကြားလျှက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းနေအရွယ်ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှုကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အားသွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားပေးပြီး၊ ကျောင်းသား/ ကျောင်းသူများ သင်ကြားသင်ယူမှု အဆင်ပြေစေရေး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)