မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မိတ္ထီလာ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ပြီး တက္ကသိုလ်များ၌ ပညာသင်နှစ်ပညာသင်ကာလအလိုက်နှင့် အခြေခံပညာကျောင်းများတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာကြားလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊  မိတ္ထီလာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်း ပေါင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၉ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိကြောင်း သိရသည်။

ချမ်းသာ