နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ပညာသင်နှစ်အလိုက် နှစ်ဝက်သင်တန်းများ စတင်ဖွင့်လှစ်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။