မြစ်သား ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယခင်နှစ်များထက် ကျောင်းသား၊ ကျောင်းသူများ ပိုမိုများပြားလျက်ရှိပြီး ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် အ.ထ.က(၉)ကျောင်း၊ အ.ထ.ကခွဲ(၈)ကျောင်း၊ အ.လ.က(၅)ကျောင်း၊ အ.လ.ကခွဲ(၆)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၂၀)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၁၃၆)ကျောင်း စုစုပေါင်း(၁၈၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၁၆၁၁)ဦးကြောင်း သိရသည်။ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံနှုန်းနှင့်ကျောင်းတက်ရောက်မှုနှုန်းမှာ ယခင်နှစ်များအထက် ပိုမိုများပြားလာခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲညီစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယခုနှစ်တွင် အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နေ့စဥ်ဘေးကင်း လုံခြုံစွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးညီညွတ်စွာပညာသင်ကြားနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်ကျောင်းမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်(မြစ်သား)