ကဝမြို့နယ်တွင် ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ကဝ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် နဘဲပင်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၉၂)ဦးအတွက် လယ်မြေတစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက(၆၂၄)ဧကအတွက် စုစုပေါင်းငွေကျပ်(၉၃၆၀၀၀၀၀) ကိုးရာသုံးဆယ့်ခြောက်သိန်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)