မော်လမြိုင် ဇွန် ၄
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယစာသင်နှစ်ဝက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမစာသင်နှစ်ဝက်တို့၏ ဘာသာရပ်အလိုက် သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဘာသာရပ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားရာသို့ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာချစ်စိန်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများက ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီး သင်တန်းနှစ်အလိုက် သင်ကြားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)