မကွေး ဇွန် ၄
မကွေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမပညာသင်ကာလ သင်တန်းနှစ်အသီးသီးကို ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မကွေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလ၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ပထမနှစ်မဟာသင်တန်း၊ ဒုတိယနှစ်မဟာသင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမပညာသင်ကာလ)၌ တတိယနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်း၊ မဟာဥပဒေပထမနှစ်သင်တန်း၊ မဟာဥပဒေဒုတိယနှစ်သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၄၃)ဦး သင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)