လပွတ္တာမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် စတင်ဖွင့်လှစ်

လပွတ္တာ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ ချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အ‌ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့‌နောက် ကျောင်းသား၊ ကျောင်းသူများကို သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အား‌ပေးစကား‌‌ပြောကြားခဲ့သည်။

အဆိုပါ အ‌ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ စက်မှု (၄၅)ဦး၊ စိုက်ပျိုးရေး (၁၂)ဦး၊ မွေးမြူရေး(၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၉ )ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မူမူ